အခုနောက်ပိုင်း မြန်မာပြည်မှာ လူပြောများလာတဲ့ ရောဂါတွေထဲမှာ အရိုးတီဘီရောဂါလည်း ပါဝင်လာပါတယ်။ တီဘီရောဂါပိုးရှိသူ လူတစ်ရာမှာ သုံးယောက်ခန့်ဟာ အရိုးတီဘီရောဂါ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
အရိုးတီဘီရောဂါ ဘာကြောင့်ဖြစ်ရတာလဲ၊ ရောဂါလက္ခဏာတွေက ဘာတွေလဲ၊ ရောဂါမဖြစ်အောင် ဘယ်လိုနေထိုင်ကြမလဲ၊ ရောဂါဖြစ်လာရင်ကော ဘယ်လိုကုသမလဲဆိုတာကို ကျန်းမာရေး အသိအမြင်ရရှိစေဖို့ 7Day TV က ၂၀၁၇ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တာကို မျှဝေလိုက်ပါတယ်။